၂၀၁၄ ဒီဇင်ဘာလအတွင်း SNLD ပါတီ၏ စည်းရုံးရေးလှုပ်ရှားမှု (၁)

၂၀၁၄ ဒီဇင်ဘာလအတွင်း SNLD ပါတီ၏ စည်းရုံးရေးလှုပ်ရှားမှု (၁)

ဒီဇင်ဘာလ ၁ ရက်နေ့က ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ်မှ ဥက္ကဋ္ဌ ခွန်ထွန်းဦး ဦးဆောင်သော ဗဟိုအလုပ်အမှုဆောင်အဖွဲ့နှင့် ရှမ်းပြည်တောင်ပိုင်းရှိမြို့နယ်များမှ အလုပ်အမှုဆောင်များ တောင်ကြီးမြို့တွင် တွေ့ဆုံကာ ပါတီစည်းရုံးရေးလုပ်ငန်း အခြေအနေများကို ဆွေးနွေးခဲ့ကြသည်။
အစည်းအဝေးသို့ ရှမ်းပြည်နယ် တောင်ပိုင်းရှိ မြို့နယ်များဖြစ်သော တောင်ကြီး၊ လင်းခေး၊ မောက်မယ်၊ မိုင်းပန်၊ မိုးနဲ၊ မိုင်းကိုင်၊ မိုင်းရှူး၊ လဲချား၊ ကျေးသီး၊ မိုင်းပွန်၊ ပင်လုံ၊ ကာလိ(ကွန်ဟိန်း)၊ နမ့်စန်၊ ဟိုပုံး၊ ဆီဆိုင်၊ ရပ်စောက်(အင်တော) မြို့နယ်များမှ ဥက္ကဋ္ဌများ၊ အတွင်းရေးမှူးများ တက်ရောက်ခဲ့ပါသည်။ ထို့ပြင် ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်များဖြစ်ကြသော စိုင်းသန်းမောင် (ကျောက်မဲမြို့နယ် မဲဆန္ဒနယ် – ၂)၊ စိုင်းဝင်းမြတ်ဦး (မိုင်းတုံမြို့နယ် မဲဆန္ဒနယ် – ၂)၊ စိုင်းစံဖေ (မိုင်းရယ်မြို့နယ် မဲဆန္ဒနယ် – ၁) တို့လည်း တက်ရောက်ခဲ့သည်။

Leave a Reply

Your email address will not be published. Required fields are marked *