၂၀၁၄ ဒီဇင်ဘာလအတွင်း SNLD ပါတီ၏ စည်းရုံးရေးလှုပ်ရှားမှု (၁၂)

၂၀၁၄ ဒီဇင်ဘာလအတွင်း SNLD ပါတီ၏ စည်းရုံးရေးလှုပ်ရှားမှု (၁၂)

ဒီဇင်ဘာ ၈ ရက်နေ့တွင် SNLD ဥက္ကဋ္ဌ ခွန်ထွန်းဦးနှင့် ဗဟိုအလုပ်အမှုဆောင်အဖွဲ့သည် သိန္နီမြို့သို့ ရောက်ရှိခဲ့ပြီး သိန္နီစော်ဘွား၏ ဟော်နန်းနေရာဟောင်းတွင် ပြည်သူလူထုနှင့် တွေ့ဆုံကာ ပါတီ၏ မူဝါဒ၊ လမ်းစဉ်နှင့် ရပ်တည်ချက်တို့ကို ရှင်းလင်းဟောပြောခဲ့ကြသည်။
ထိုနောက် ပြည်သူလူထုမှ ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ်ပါတီနှင့် ပတ်သက်၍ မေးခွန်းများ၊ သိလိုသည်များကို မေးမြန်းကြရာ တာဝန်ရှိသူများက ပြန်လည်ဖြေကြားခဲ့ပါသည်။ ထိုသို့မေးမြန်းကြရာ၌ ကျားဖြူလွှတ်တော်အမတ်များက ပြည်ထောင်စုလွှတ်တော်တွင် နိုင်ငံရေးအကျဉ်းသားများကို လွှတ်ပေးရန် အစီအစဉ် ရှိ/မရှိ မေးမြန်းပေးခဲ့သောကြောင့် SNLD ခေါင်းဆောင်များ ထောင်မှ လွတ်မြောက်လာရသည်ဆိုသည်မှာ မှန်မမှန် သိလိုကြောင်း ပါရှိခဲ့သည်။ ၎င်းမေးခွန်းကို တာဝန်ရှိသူများက ပြန်လည်ဖြေကြားရာ၌ SNLD ခေါင်းဆောင်များ ပြန်လည်လွတ်မြောက်လာခြင်းမှာ နိုင်ငံရေးအရ ဖမ်းဆီးခံရ၍ နိုင်ငံရေးအရ ပြန်လည်လွတ်ပေးခြင်းသာဖြစ်ကြောင်း၊ မေးခွန်းမေးရုံမျှဖြင့် အစိုးရက လွတ်ပေးခြင်းမဟုတ်ကြောင်း သိရသည်။

Leave a Reply

Your email address will not be published. Required fields are marked *