SNLD ပါတီ၏ နိုင်ငံရေး တွေ့ဆုံ ဆွေးနွေးရေး ဆိုင်ရာ မူဘောင် ရေးဆွဲပြီးစီး

SNLD ပါတီ၏ နိုင်ငံရေး တွေ့ဆုံ ဆွေးနွေးရေး ဆိုင်ရာ မူဘောင် ရေးဆွဲပြီးစီး

ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ်၏ ဗဟိုအလုပ်အမှုဆောင်များ အစည်းအဝေးကို ဒီဇင်ဘာလ ၁၉ ရက်နေ့တွင် ရန်ကုန်မြို့ ပြည်လမ်း ကိုးမိုင်ရှိ ဌာနချုပ်ရုံးတွင် ပြုလုပ်ခဲ့ပါသည်။ အဆိုပါအစည်းအဝေးသို့ ဥက္ကဋ္ဌ ခွန်ထွန်းဦး အပါအဝင် ဗဟိုအလုပ်အမှုဆောင်များ၊ လွှတ်တော်ကိုယ်စားလှယ်များလည်း တက်ရောက်ခဲ့ကြသည်။

အစည်းအဝေးတွင် SNLD ပါတီမှ ရေးဆွဲထားသော နိုင်ငံရေးတွေ့ဆုံဆွေးနွေးရေးဆိုင်ရာ မူဘောင် (Political Dialogue Framework) မူကြမ်းကို အပြီးသတ်ဆွေးနွေးကာ အတည်ပြုခဲ့သည်။ ထို့ပြင် လာမည့် ၂၀၁၅ ခုနှစ် ပြည်နယ်လွှတ်တော်နှင့် ပြည်ထောင်စုလွှတ်တော် အစည်းအဝေးတွင် SNLD ပါတီမှ လွှတ်တော်ကိုယ်စားလှယ်များအတွက် မေးခွန်းများ မေးမြန်းနိုင်ရန်၊ အဆိုများ တင်သွင်းနိုင်ရန် ကြိုတင်ပြင်ဆင်ခြင်း လုပ်ငန်းများကို ဆွေးနွေးညှိနှိုင်းခဲ့ကြသည်။

ယခုရေးဆွဲပြီးသည့် SNLD ၏ နိုင်ငံရေးတွေ့ဆုံဆွေးနွေးရေးဆိုင်ရာ မူဘောင်သည် အမျိုးသားပြန်လည်သင့်မြတ်ရေး ရှုထောင့်မှ ရေးဆွဲထားခြင်းဖြစ်ပြီး ပင်လုံစိတ်ဓာတ်၊ ပင်လုံမူ၊ ပင်လုံကတိကဝတ်တို့အပေါ်တွင် အခြေခံထားခြင်းဖြစ်သည်။ နိုင်ငံရေးတွေ့ဆုံဆွေးနွေးပွဲများ စတင်နေသည်နှင့် တစ်ချိန်တည်းတွင် တစ်နိုင်ငံလုံးအပစ်အခတ်ရပ်စဲရေး သဘောတူစာချုပ် (Nationwide Ceasefire Accord) ကို လက်မှတ်ရေးထိုးနိုင်ရန်အတွက်လည်း အစိုးရနှင့် သက်ဆိုင်ရာ လက်နက်ကိုင်အဖွဲ့အစည်းများအနေဖြင့် ကြိုးပမ်းသွားရမည်ဟု ပါရှိသည်။

Leave a Reply

Your email address will not be published. Required fields are marked *