UNA ၏ ညီလာခံ အကြို ဆွေးနွေးပွဲ

UNA ၏ ညီလာခံ အကြို ဆွေးနွေးပွဲ

စည်းလုံးညီညွတ်သော တိုင်းရင်းသားလူမျိုးများ မဟာမိတ်အဖွဲ့၏ ညီလာခံအကြိုဆွေးနွေးပွဲကို ဒီဇင်ဘာ ၂၀ ရက်နေ့နှင့် ၂၁ ရက်နေ့တွင် ရန်ကုန် မရမ်းကုန်းမြို့နယ် ကိုးမိုင် ပြည်လမ်းနှင့် စော်ဘွားလမ်းထောင့်၊ တိုက်အမှတ် (၃) ရှိ UNA အဖွဲ့ရုံးတွင် ကျင်းပပြုလုပ်ခဲ့သည်။
အခမ်းအနားသို့ ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ်မှ ခွန်ထွန်းဦးနှင့် စိုင်းညွန့်လွင်၊ မွန်အမျိုးသားပါတီမှ ဒုဥက္ကဋ္ဌ(၁) နိုင်သက်လွင်နှင့် အတွင်းရေးမှူး ဒေါက်တာမင်းစိုးလင်း၊ ကယန်းအမျိုးသားပါတီမှ အတွင်းရေးမှူး ဦးနန်းရီနှင့် ရှမ်းပြည်နယ် ကယန်းတိုင်းရင်းသားရေးရာဝန်ကြီး ဦးလောရင့်၊ ကရင်အမျိုးသားပါတီမှ အတွင်းရေးမှူး မန်းကျော်ငြိမ်း၊ ရခိုင်အမျိုးသားပါတီမှ CEC ဦးအေးသာအောင်နှင့် ဦးမျိုးကျော်၊ ရှမ်းပြည်ကိုးကန့်ဒီမိုကရက်တစ်ပါတီမှ ဥက္ကဋ္ဌ ဦးအန်တိုနီစူး၊ ဇိုမီးဒီမိုကရေစီအဖွဲ့ချုပ်မှ ဥက္ကဋ္ဌ ပူကျင်ရှင်းထန်နှင့် အတွင်းရေးမှူး ပူဂင်ကမ်းလျန် အပါအဝင် အဖွဲ့ဝင် နိုင်ငံရေးပါတီ ၈ ပါတီမှ ကိုယ်စားလှယ်များ တက်ရောက်ခဲ့ကြသည်။

အခမ်းအနားတွင် ညီလာခံဖြစ်မြောက်ရေးကော်မတီ ဥက္ကဋ္ဌအဖြစ် တာဝန်ယူထားသော စိုင်းညွန့်လွင်မှ ညီလာခံအတွက် ကြိတင်ပြင်ဆင်ထားသည်များကို ရှင်းလင်းတင်ပြသည်။ ဆက်လက်၍ SNLD ပါတီမှ ရေးဆွဲထားသော နိုင်ငံရေးတွေ့ဆုံဆွေးနွေးရေးဆိုင်ရာမူဘောင် မူကြမ်းကို UNA အဖွဲ့သို့တင်ပြခြင်း၊ UNA အဖွဲ့၏ ဖွဲ့စည်းပုံစည်းမျဉ်းကို ခေတ်နှင့်အညီ လိုက်ဖက်ဆီလျော်အောင် ပြန်လည်ပြင်ဆင်ခြင်း၊ UNA ညီလာခံသို့ တင်သွင်းသွားမည့် နိုင်ငံရေးအစီရင်ခံစာကို ဆွေးနွေးခြင်းတို့ကို ဆောင်ရွက်ခဲ့ကြသည်။

Leave a Reply

Your email address will not be published. Required fields are marked *