UNA နှင့် မိတ်ဖက် အဖွဲ့အစည်းများ တွေ့ဆုံ ဆွေးနွေး

UNA နှင့် မိတ်ဖက် အဖွဲ့အစည်းများ တွေ့ဆုံ ဆွေးနွေး

စည်းလုံးညီညွတ်သော တိုင်းရင်းသားလူမျိုးများ မဟာမိတ်အဖွဲ့ (UNA) နှင့် မိတ်ဖက်အဖွဲ့အစည်းများ တွေ့ဆုံဆွေးနွေးပွဲကို ရန်ကုန်မြို့ ဗဟန်းမြို့နယ် ရွှေဂုံတိုင်ရှိ တော်ဝင်နှင်းဆီခန်းမတွင် ဒီဇင်ဘာလ ၂၃၊ ၂၄ နှစ်ရက်တာ ကျင်းပပြုလုပ်ခဲ့သည်။ အဆိုပါ တွေ့ဆုံဆွေးနွေးပွဲ အခမ်းအနားသို့ အဖွဲ့အစည်း ၂၅ ဖွဲ့မှ လူပုဂ္ဂိုလ်ပေါင်း ၁၄၈ ဦး တက်ရောက်ခဲ့သည်။ တက်ရောက်လာသော အဖွဲ့အစည်းများမှာ အောက်ပါအတိုင်းဖြစ်သည်။ 1) UNA အဖွဲ့ဝင် နိုင်ငံရေးပါတီများ 2) အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် 3) လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ 4) ချင်းတိုးတက်ရေးပါတီ 5) ဓနုတိုင်းရင်းသားလူမျိုးများ ဒီမိုကရေစီပါတီ 6) ညီညွတ်သောတိုင်းရင်းသားလူမျိုးများ ဖက်ဒရယ်ကောင်စီ (UNFC) 7) မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ်တပ်ဦး (ABSDF) 8) ကရင်အမျိုးသားအစည်းအရုံး (KNU) 9) သျှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ/ သျှမ်းပြည်တပ်မတော် (RCSS/SSA) 10) ရခိုင်ပြည်လွတ်မြောက်ရေးပါတီ (ALP) 11) ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးအဖွဲ့ချုပ် (PNLO) 12) မွန်ပြည်သစ်ပါတီ (NMSP) 13) ကယန်းပြည်သစ်ပါတီ (NKSP) 14) ရှမ်းပြည်ပူးပေါင်းဆောင်ရွက်ရေးကော်မတီ (SSJAC) 15) ၈၈ မျိုးဆက် (ငြိမ်းချမ်းရေးနှင့် ပွင့်လင်းလူ့အဖွဲ့အစည်း) 16) မြန်မာနိုင်ငံရှေ့နေများကွန်ရက် 17) မြန်မာနိုင်ငံအမျိုးသမီးများအဖွဲ့ချုပ် (WLB) 18) ပေါင်းကူးအဖွဲ့ (Civil Society Strengthening Initiative) 19) NLD (LA) တွေ့ဆုံဆွေးနွေးပွဲအပြီးတွင် အားလုံးသဘောတူသည့် နိုင်ငံရေးဆွေးနွေးပွဲ သဘောထားထုတ်ပြန်ချက်တစ်ရပ်ကို ထုတ်ပြန်ခဲ့ပါသည်။ ရှေ့လုပ်ငန်းစဉ်များနှင့် အဆိုပါသဘောတူညီချက်များကို အကောင်အထည်ဖော်နိုင်ရေးအတွက် ကမကထပြု ဆောင်ရွက်သွားရန် မိတ်ဖက်အဖွဲ့အစည်းအားလုံးက UNA အဖွဲ့အပေါ် ဝမ်းမြောက်ကျေနပ်စွာ တာဝန်ပေးအပ်ခဲ့ကြသည်။

Leave a Reply

Your email address will not be published. Required fields are marked *