၂၀၁၄ ဒီဇင်ဘာလအတွင်း SNLD ပါတီ၏ စည်းရုံးရေးလှုပ်ရှားမှု (၃)

၂၀၁၄ ဒီဇင်ဘာလအတွင်း SNLD ပါတီ၏ စည်းရုံးရေးလှုပ်ရှားမှု (၃)

ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌ ခွန်ထွန်းဦး ဦးဆောင်သော ဗဟိုကော်မတီဝင်များသည် ဒီဇင်ဘာ ၃ ရက်နေ့ ညနေပိုင်းတွင် ပင်လုံမြို့မှ ဆက်လက်ထွက်ခွာလာပြီး လဲချားမြို့သို့ ရောက်ရှိခဲ့သည်။ လဲချားမြို့တွင် မြို့နယ်အလုပ်အမှုဆောင်များနှင့် တွေ့ဆုံခဲ့ပါသည်။

တွေ့ဆုံပွဲအခမ်းအနား၌ SNLD ၏ တွဲဖက်အတွင်းရေးမှူး စိုင်းလှ၊ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် စိုင်းသန်းမောင်၊ စိုင်းဝင်းမြင့်ဦး တို့က ပါတီ၏မူဝါဒနှင့် ရပ်တည်ချက်များကို ဟောပြောခဲ့ကြသည်။ ထိုနောက် ကျားဖြူပါတီမှ နုတ်ထွက်၍ SNLD ပါတီသို့ ကူးပြောင်းလာသော လဲချားမြို့နယ် မဲဆန္ဒနယ် အမှတ် (၂) မှ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် စိုင်းကျော်ဇေယျက ပါတီမှ နုတ်ထွက်ရခြင်း အကြောင်းရင်းနှင့် SNLD ပါတီအပေါ် ထားရှိသော ၎င်း၏ သဘောထားနှင့် ခံယူချက်တို့ကို ရှင်းလင်းပြောကြားခဲ့ပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *