၂၀၁၄ ဒီဇင်ဘာလအတွင်း SNLD ပါတီ၏ စည်းရုံးရေးလှုပ်ရှားမှု (၄)

၂၀၁၄ ဒီဇင်ဘာလအတွင်း SNLD ပါတီ၏ စည်းရုံးရေးလှုပ်ရှားမှု (၄)

ဒီဇင်ဘာ ၄ ရက်နေ့တွင် SNLD ဥက္ကဋ္ဌ ခွန်ထွန်းဦးနှင့်အဖွဲ့သည် မိုင်းကိုင်မြို့သို့ ရောက်ရှိခဲ့ပြီး ဒေသခံပြည်သူများနှင့် တွေ့ဆုံခဲ့ပါသည်။ တွေ့ဆုံပွဲတွင် ဥက္ကဋ္ဌမှ ပါတီဝင်အသစ်များ၏ ပါတီဝင်ခွင့်လျှောက်လွှာများကို လက်ခံရယူခဲ့ပါသည်။

ထိုနောက် ဒေသခံမိဘပြည်သူများ၏ မေးမြန်းချက်များကို ဥက္ကဋ္ဌနှင့် ဗဟိုအလုပ်အမှုဆောင်များက ပြန်လည် ဖြေကြားခဲ့ကြသည်။ဆက်လက်၍ SNLD ပါတီသို့ ကူးပြောင်းဝင်ရောက်လာကြသော မိုင်းကိုင်မြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် စိုင်းထွန်းအေး၊ မိုင်းကိုင်မြို့နယ် မဲဆန္ဒနယ် (၁) ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် စိုင်းပန်၊ မိုင်းကိုင်မြို့နယ် မဲဆန္ဒနယ် (၂) ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် နန်းခမ်းပိုင်းတို့ကို နွေးထွေးစွာကြိုဆိုခဲ့သည်။ ထိုနောက် လွှတ်တော်ကိုယ်စားလှယ် စိုင်းထွန်းအေးနှင့် စိုင်းပန်တို့က တက်ရောက်လာသည့် မိဘပြည်သူများအား ကျားဖြူပါတီမှ နုတ်ထွက်ရခြင်းအပေါ် ရင်းနှီးပွင့်လင်းစွာ ရှင်းလင်းတင်ပြခဲ့ပါသည်။ ဆက်လက်ပြီး SNLD ရှမ်းပြည်နယ်တောင်ပိုင်းဥက္ကဋ္ဌ စိုင်းခမ်းပိုင်ဖက မိုင်းကိုင်မြို့တွင်ရှိသော ရှမ်းစာဆိုတော် စဝ်နော်ခမ်း၏ အုတ်ဂူ ပြန်လည်မွမ်းမံရန်အတွက် အလှူငွေ ကျပ်ဆယ်သိန်းကို ထိန်းသိမ်းစောင့်ရှောက်ရေးကော်မတီသို့ ပေးအပ်လှူဒါန်းခဲ့ပါသည်။ယခုအခါ မိုင်းကိုင်မြို့နယ်တွင် ကျားဖြူပါတီဆိုင်းဘုတ် မရှိတော့ကြောင်း သိရှိရပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *