၂၀၁၄ ဒီဇင်ဘာလအတွင်း SNLD ပါတီ၏ စည်းရုံးရေးလှုပ်ရှားမှု (၅)

၂၀၁၄ ဒီဇင်ဘာလအတွင်း SNLD ပါတီ၏ စည်းရုံးရေးလှုပ်ရှားမှု (၅)

ဒီဇင်ဘာ ၅ ရက်နေ့တွင် SNLD ဥက္ကဋ္ဌ ခွန်ထွန်းဦးနှင့်အဖွဲ့သည် ကျေးသီးမြို့သို့ ရောက်ရှိခဲ့ပြီး ဒေသခံပြည်သူများနှင့် တွေ့ဆုံခဲ့ပါသည်။

ကျေးသီးမြို့သို့ ဥက္ကဋ္ဌရောက်ရှိလာခိုက်တွင် ကျေးသီးမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် စိုင်းအွမ်ဆိုင်မိန်း၊ ကျေးသီးမြို့နယ် မဲဆန္ဒနယ် (၁) ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးဆန်လှိုင်း၊ ကျေးသီးမြို့နယ် မဲဆန္ဒနယ် (၂) ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် စိုင်းမွမ်းလှိုင်း တို့သည် ကျားဖြူပါတီမှ နုတ်ထွက်၍ SNLD ပါတီသို့ ကူးပြောင်းဝင်ရောက်လာခဲ့ကြသည်။ ထို့အတူ ဒီဇင်ဘာ ၂ ရက်နေ့ကလည်း နမ့်စန်မြို့နယ် မဲဆန္ဒနယ်အမှတ် (၂) မှ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် စိုင်းသူရိန်ဦးသည်လည်း SNLD ပါတီသို့ ကူးပြောင်းဝင်ရောက်လာကြောင်း သတင်းရရှိသည်။

Leave a Reply

Your email address will not be published. Required fields are marked *