၂၀၁၄ ဒီဇင်ဘာလအတွင်း SNLD ပါတီ၏ စည်းရုံးရေးလှုပ်ရှားမှု (၉)

၂၀၁၄ ဒီဇင်ဘာလအတွင်း SNLD ပါတီ၏ စည်းရုံးရေးလှုပ်ရှားမှု (၉)

တန့်ယန်းမြို့နယ် SNLD ရုံးဖွင့်ပွဲနှင့် ဆိုင်းဘုတ်တင်အခမ်းအနားကို ဒီဇင်ဘာလ ၇ ရက်နေ့ နံနက် ၁၀ နာရီတွင် ရပ်ကွက် (၅)၊ မိုင်းကောင်-တန့်ယန်းလမ်းမကြီး၊ ဒေါ်ခင်လဲ့ ဆီဆိုင်အနီးတွင် ကျင်းပပြုလုပ်ရာ ဥက္ကဋ္ဌ ခွန်ထွန်းဦးမှ တက်ရောက်ဖွင့်လှစ်ပေးခဲ့သည်။
အခမ်းအနားသို့ ပရိသတ် ၁၀ဝ၀ နီးပါးခန့် တက်ရောက်ခဲ့ပြီး ရှေးဦးစွာ ဥက္ကဋ္ဌမှ အဖွင့်အမှာစကား ပြောကြားပါသည်။ ဆက်လက်၍ SNLD ဗဟိုစည်းရုံးရေးမှူး စိုင်းအဂ္ဂ၊ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်များ ဖြစ်ကြသော စိုင်းသန်းမောင် (ကျောက်မဲ-၂)၊ စိုင်းဝင်းမြတ်ဦး (မိုင်းတုံ-၂)၊ စိုင်းစံဖေ (မိုင်းရယ်-၁) နှင့် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် စိုင်းအွမ်ဆိုင်မိန်း (ကျေးသီး) တို့က SNLD ပါတီ၏ မူဝါဒ၊ လမ်းစဉ်နှင့် စည်းရုံးရေးကိစ္စများကို ဟောပြောခဲ့ကြသည်။ ထိုနောက် SNLD ပါတီသို့ ကူးပြောင်းဝင်ရောက်လာသော တန့်ယန်းမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးထွန်းဆာ (ခ) စိုင်းထွန်းဝင်း က တက်ရောက်လာသူများအား မိတ်ဆက်စကား ပြောကြားခဲ့သည်။ ထိုနောက် ဗဟိုမှ ရုံးလုပ်ငန်းဆောင်ရွက်ရန် ထောက်ပံ့ငွေပေးအပ်ရာ တန့်ယန်းမြို့နယ် SNLD ဥက္ကဋ္ဌ စိုင်းသိန်းနိုင်က လက်ခံရယူပြီး ကျေးဇူးတင်စကား ပြန်လည်ပြောကြားခဲ့သည်။ ၂၀၁၀ ရွေးကောက်ပွဲတွင် တန့်ယန်းမြို့နယ်၌ နိုင်ငံရေးပါတီ ၆ ပါတီမှ ကိုယ်စားလှယ်များ ဝင်ရောက်ယှဉ်ပြိုင်ခဲ့သည့်အတွက် ရှမ်းပြည်နယ်တွင် ပါတီအများဆုံး ယှဉ်ပြိုင်ခဲ့သော မဲဆန္ဒနယ်တစ်ခုဖြစ်သည်။

Leave a Reply

Your email address will not be published. Required fields are marked *